ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့် ရှိနေပါတယ်။ ဒီကနေ့ညနေအထိခန့်မှန်းချက်ကတော့  နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာကွက်ကျား၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ကယား ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည် နယ်(တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပါမယ်။ မြန်မာ့ပင်လယ်ပြင်မှာ  လှိုင်းအသင့်အတင့်ရှိပါမယ်။ လှိုင်းအမြင့်မှာ မြန်မာ့ ကမ်းရိုးတန်း တစ်လျှောက်တွင် (၄)ပေမှ (၈)ပေခန့် ရှိနိုင်ပါတယ်။နောက်နှစ်ရက်အတွက်ခန့်မှန်းချက်ကတော့ မြန်မာနိုင်ငံမြောက်ပိုင်းဒေသများတွင် ထစ်ချုန်းမည့် အခြေအနေများ ဖြစ်ပေါ်နိုင်ပါတယ်။နေပြည်တော်နဲ့အနီးတစ်ဝိုက်၊ ရန်ကုန်မြို့နဲ့အနီးတစ်ဝိုက်နဲ့ မန္တလေးမြို့နဲ့ အနီးတစ်ဝိုက်တို့ အတွက် ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့ နေရာကွက်ကျား မိုးထစ်ချုန်းရွာပါမယ်။
 
 
   

Related News