ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းရေပြင်ပေါ်မှာ လေဖိအားနည်းရပ်ဝန်းနဲ့ အတူကြီးမားတဲ့တိမ်တိုက်ကြီး တစ်ခုစတင်ဖြစ်ပေါ်နေကာ  ဘင်္ဂလားပင်လယ်အော်အရှေ့ အလယ်ပိုင်းရေပြင်ပေါ်မှာ မုန်တိုင်းဖြစ်ပေါ်နိုင်မှု အလားအလာတွေ ဖြစ်ပေါ်လာနေပြီး လေစိုင်ဝဲတစ်ခုလည်း စတင်ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ မုန်တိုင်းဖြစ်ဖို့ စောင့်ကြည့် အဆင့်သာ လောလောဆယ် သတ်မှတ်ထားတယ်လို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။ ဒါ့အပြင် ယနေ့နံနက်ပိုင်းက မာန်အောင်ကျွန်း ကမ်းလွန်ပင်လယ်ပြင်တွင်ဖြစ်ပေါ်နေတဲ့  လေစိုင်ဝဲဟာ ပိုမိုအားကောင်းလာခြင်းမရှိပဲ ကမ်းခြေနဲ့ ဝေးရာ အနောက်ဖက်ကိုရွေ့လျှားလာခဲ့ပြီး ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းသို့ ရွေ့လျှားနေ တယ်လို့ သိရပါတယ်။ 
 
 

Related News