ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာအများအားဖြင့် သာယာနေပြီး၊ ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။ဒီကနေ့ညနေအထိခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်း ဒေသကြီး၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကွက်ကျား၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ မန်္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နဲ့ ကယားပြည်နယ်တို့မှာ နေရာကျဲကျဲနဲ့ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်းနဲ့အရှေ့ပိုင်း)၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် တို့မှာ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပါမယ်။မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိပါမယ်။ လှိုင်းအမြင့်မှာ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်တွင် (၃)ပေမှ (၅)ပေခန့် ရှိနိုင်ပါတယ်။နောက်(၂)ရက်အတွက်ခန့်မှန်းချက်ကတော့ ရှမ်းပြည်နယ်(တောင်ပိုင်းနဲ့အရှေ့ပိုင်း)နဲ့ ကယား ပြည်နယ်တို့မှာ မိုးပိုလာနိုင်ပါတယ်။နေပြည်တော်နဲ့အနီးတစ်ဝိုက်၊ ရန်ကုန်မြို့နဲ့အနီးတစ်ဝိုက်နဲ့ မန္တလေးမြို့နဲ့အနီးတစ်ဝိုက်တို့ အတွက် ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့ နေရာကွက်ကျား မိုးထစ်ချုန်းရွာပါမယ်။
 
 

Related News