မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ သုတေသနအချက်အလက်တွေအရ ရခိုင် ဒေသမှာတော့ ၁၇၆၂ ခုနှစ်က မဂ္ဂနီကျု ၈.၇အဆင့်ရှိတဲ့ အင်အားပြင်းငလျင်ကြီး တစ်ခုလှုပ်ခတ်ခဲ့ ဖူးသလို အဲ့ဒီ့ငလျင်ကြောင့် ဆူနာမီ တစ်ကြိမ်ဖြစ်ပေါ်ခဲ့ဖူးတာကို လေ့လာတွေ့ ရှိခဲ့ ရတယ်လို့ သိရပါတယ်။ 

အခုဆိုရင် နှစ်ပေါင်း ၂၅၅နှစ်ကျော်ကြာပြီဖြစ်တာကြောင့် အဲ့ဒီ့ဒေသမှာနောက်ထပ်ငလျင်ကြီး တစ်ခု ထပ်ဖြစ်ပေါ်လာနိုင်ချေ အလားအလာဟာ တဖြည်းဖြည်းမြင့်မားလာနေတယ်လို့  မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မြေငလျင်ဌာနခွဲမှတာဝန်ရှိသူက သုံးသပ်ထားပြီး မဂ္ဂနီကျု ၈.၅အဆင့်ထက်ရှိပါက ဒီငလျင်ကြီးကြောင့် Local ဆူနာမီဖြစ်ပေါ်လာနိုင်လို့ ကမ်းရိုးတန်းဒေသဖြစ်တဲ့ ရခိုင်ဒေသအနေနနဲ့ ငလျင်နဲ့ဆူနာမီအတွက် ကြိုတင်ပြင်ဆင်တာ တွေ လုပ်ထားသင့်တယ်လို့ ပြောပါတယ်။

လက်ရှိမိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ၀က်ဆိုဒ်အချက်အလက်ရယူ တွက်ချက် ထားမှုအရ ဆူနာမီဖြစ်ပေါ်ပါက ရခိုင်ကမ်းရိုးတန်း နေရာအတော် များများမှာ ရေလွှမ်းမိုးနိုင်ပြီး ဘယ်လောက်ပျက်စီးနိုင်တယ်၊ဘယ်လိုပြောင်းရွှေ့နေထိုင်နိုင် မလည်းဆိုတာကတော့ဆူနာမီ ဘေးအန္တရာယ်ပြမြေပုံ ရေးဆွဲထားသင့်တယ်လို့လည်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မြေငလျင်ဌာနခွဲက တာဝန်ရှိသူကပြောပါတယ်။

ရခိုင်၊အပါအ၀င် တနင်္သာရီ၊ဧရာဝတီ၊ရန်ကုန်နဲ့ မွန်စတဲ့ မြန်မာနိုင်ငံရဲ့ကမ်းရိုးတန်းဒေသ ငါးခုမှာတော့ အရင်က ဆူနာမီလေးကြိမ်သက်ရောက်ခဲ့ဖူးတယ်လို့သိရပါတယ်။Arakan  ၊ Adman  နဲ့ Northern Sumadra  ဒေသတွေမှာ မဂ္ဂနီကျု ၈ ကနေ ၈.၅ကြား ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါက မြန်မာနိုင်ငံရဲ့ သက်ဆိုင်ရာ ကမ်းရိုးတန်းဒေသတွေမှာ ဆူနာမီရေလှိုင်း သက်ရောက်နိုင်မယ်လို့သိရပါတယ်။

ဒါကြောင့် ကြိုတင်သတိပေးချက်တွေထုတ်ပြန်နိုင်ဖို့ မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအနေနဲ့ မြန်မာ့ကမ်းရိုးတန်းဒေသငါးခုရဲ့ မြို့ပေါင်း (၃၀)မှာ ဆူနာမီ ဖြစ်ပေါ်ပါက သက်ရောက်နိုင်မယ့် ရေလှိုင်းအမြင့်ကို ကြိုတင်တွက်ချက်ထားတာ တွေလုပ်ထားတယ်လို့ သိရပါတယ်။    

ဒါပေမယ့် ဆူနာမီဘေးအန္တရာယ်ပြမြေပုံရေးဆွဲထားသလို မြေပြင်ကွင်းဆင်းပြီးအတိအကျ တွက်ချက်ထားတဲ့ အချက်အလက်ရှိထားတာကတော့ ဧရာဝတီတိုင်း လပ္ပတ္တာမြို့က အာင်လှိုင်ကျေးရွာတစ်ခုတည်းသာရှိနေသေးပြီး ကျန်မြို့တွေကတော့ ဆူနာမီရေလှိုင်းနဲ့ပတ်သတ်ပြီး ပျှမ်းမျှအချက်အလက်သာ ရှိနေသေးတယ်လို့ ပြောပါတယ်။ လက်ရှိမှာတော့ မိုးလေ၀သနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မြေငလျင်ဌာနခွဲအနေနဲ့ သက်ရှင် ပြတ်ရွေ့ဖြစ်ပေမယ့် ၁၈၃၅ခုနှစ် နောက်ပိုင်း လှုပ်ခတ်ခြင်းမရှိတော့တဲ့  စစ်ကိုင်းပြတ်ရွေ့ကြောရဲ့ ပျဉ်းမနား-သာစည်အပိုင်းရဲ့ အခြေအနေတွေကို ဆာဗေးပြုလုပ်ဖို့ပြင်ဆင်နေတယ် လို့သိရပါတယ်။

 

 

Related News