အမျိုးသားသွေးဌာနမှ ဘူးသီးတောင်မြို့နယ်ရှိ သွေးဘဏ်ငယ်ကို တိုက်ရိုက်ပို့ဆောင်ဖို့ စီစဉ်နေပြီဖြစ်တယ်လို့ ဇန်န၀ါရီလ(၁၉)ရက်က ရန်ကုန်မြို့  Summit Park View Hotel  မှာပြုလုပ်ခဲ့တဲ့ ဘူးသီးတောင်မြို့နယ်ဆေးရုံရှိ သွေးဘဏ်ငယ်အတွက် သွေးနဲ့ ပတ်သက်တဲ့ဆက်စပ် ပစ္စည်းလှူဒါန်းတဲ့ အစီအစဉ်မှ သိရပါတယ်။ ဘူးသီးတောင်မြို့နယ်ဆေးရုံမှာတက်ရောက်ကုသမယ့်လူနာတွေအတွက် သွေးနဲ့သွေးပစ္စည်း တွေကို ထောက်ပံ့နိုင်ဖို့ အမျိုးသားသွေးဌာမှ အခုလိုဝေးလံတဲ့ဒေသကို ပထမဆုံးအကြိမ်စတင်ရွေးချယ် ပို့ဆောင်တာဖြစ်ပါတယ်။
 
ပို့ဆောင်တဲ့အခါမှာလည်း ဘူးသီးတောင်ဆေးရုံအနေနဲ့ သွေးအသုံးပြုမှုဟာ တစ်လကိုယူနစ်(၅၀)သာအသုံးပြုနေတာကြောင့် အမျိုးသားသွေးဌာနကနေ တစ်ပတ်ကို (၂)ခါပို့ဆောင်သွားဖို့စီစဉ်နေတယ်လို့ သိရပါတယ်။ အခုလိုဘူးသီးတောင်ဆေးရုံကို ရန်ကုန်မှတိုက်ရိုက်ပို့ဆောင်ရမှာဖြစ်တဲ့အတွက် လိုအပ်တဲ့ သွေးနဲ့ပတ်သက်တဲ့ ဆက်စပ်ပစ်္စည်းတွေကို ဂျပန်နိုင်ငံ JICAအကူအညီဖြင့် လှူဒါန်းတာဖြစ်ပြီး စက်ပစ္စည်းတန်ဖိုးမှာ ဒေါ်လာ(၄)သောင်းဝန်ကျင်ရှိတယ်လို့ သိရပါတယ်။
 
သွေးဘဏ်ငယ်ကို လက်ရှိမှာ တည်ဆောက်နေဆဲဖြစ်ပြီး(၂၀၁၈)ခုနှစ် မတ်လပိုင်းမှာ စတင်အကောင်အထည်ဖော် အသံုးပြုနိုင်မှာဖြစ်တယ်လို့သိရပါတယ်။ ဘူးသီးတောင်မြို့နယ်ဆေးရုံရဲ့ သွေးဘဏ်ငယ်အတွက် လိုအပ်တဲ့သွေးနဲ့ ပတ်သက်တဲ့ ဆက်စပ်ပစ္စည်းတွေကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနှမှ တာဝန်ယူ တပ်ဆင်ပေးသွားမယ်လို့ သိရပါတယ်။
 
အမျိုသားသွေးဌာနအနေနဲ့ အခုလိုဝေးလံတဲ့ ဘူးသီးတောင်မြို့နယ်ကို လိုအပ်တဲ့သွေးတွေ ပို့ဆောင်မှုတွေ စတင်ပြုလုပ်တာဖြစ်ပေမယ့် အခြားဝေးလံပြီးသွေးလိုအပ်ချက်ရှိတဲ့ ဒေသတွေကိုလည်း ဆက်လက်ပို့ဆောင်သွားနိုင်အောင် စီစဉ်သွားမယ်လို့ အမျိုးသားသွေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသီတာအောင်မှပြောကြားခဲ့ပါတယ်။  အခုသွေးနဲ့ ပတ်သက်တဲ့ ဆက်စပ်ပစ္စည်းတွေကို ဂျပန်နိုင်ငံJICA Company  အပြင် ဂျပန်နိုင်ငံ Daido Company  နဲ့ Kubota Company  တို့မှ စုပေါင်းလှူဒါန်းခဲ့ကြတာ ဖြစ်ပါတယ်။
 
 

Related News