ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတို့မှာ အများအားဖြင့် သာယာ နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။ဒီကနေ့ညနေအထိခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်မှာ နေရာကွက်ကျား မိုးအနည်းငယ် ရွာပါမယ်။ ကယားပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ အများအားဖြင့် သာယာပြီး၊ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းပါမယ်။မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိပါမယ်။
 
လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုး တန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ (၃)ပေမှ (၅)ပေခန့် ရှိနိုင်ပါတယ်။နောက်(၂)ရက်အတွက်ခန့်မှန်းချက်ကတော့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ ညအပူချိန်များ အနည်းငယ်တိုးလာနိုင်ပါတယ်။နေပြည်တော်နဲ့အနီးတစ်ဝိုက်၊ ရန်ကုန်မြို့နဲ့အနီးတစ်ဝိုက်နဲ့ မန္တလေးမြို့နဲ့ အနီးတစ်ဝိုက်တို့ အတွက် ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့ တိမ်အသင့်အတင့် ဖြစ်ထွန်းပါမယ်။
 
 
 

Related News