အခုတစ်ပတ်အတွင်းမှာ မုန်တိုင်းမရှိလို့ မိုးရွာသွန်းမှုလဲမရှိနိုင်တာကြောင့် အပူချိန်ဟာ ဆက်လက်မြင့်တက်နိုင်တယ်လို့ မိုးလေ၀သပညာရှင်ဒေါက်တာထွန်းလွင်က ပြောပါတယ်။အခုအချိန်ဟာ နွေရာသီကာလကို ရောက်ရှိနေတာကြောင့် အပူချိန်မြင့်တက်နေပါတယ်။ မတ်လနဲ့ ဧပြီလဟာ ပူပြင်းတဲ့နွေရာသီကာလ စစ်စစ်ဖြစ်တာကြောင့် အပူဒဏ်ကိုအမြင့်ဆုံးခံစားနေရတာဖြစ်တယ်လို့ သိရပါတယ်။ ယခုရက်ပိုင်းအတွင်း အပူချိန်အမြင့်ဆုံးတက်နိုင်မယ့် ဒေသတွေကတော့ မကွေးတိုင်းဒေသကြီး တောင်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီးအရှေ့ပိုင်း၊ ပဲခူးတိုင်းဒေသကြီးအနောက်မြောက်ပိုင်းတွေဟာ အပူချိန် ၄၅ ဒီဂရီစင်ဒီဂရိတ်ထိ မြင့်တက်နိုင်တယ်လို့ သိရပါတယ်။ ကျန်ဒေသတွေကတော့ အပူုချိန်အနည်းငယ်လျော့နည်းနိုင်တယ်လို့ သိရပါတယ်။

ခရမ်းလွန်းရောင်ခြည်ဟာ လက်ရှိကာလမှာ အမြင့်ဆုံးဖြစ်နေပါတယ်။ ဒါ့ကြောင့် အပြင်ထွက်တဲ့အခါတိုင်းမှာ အပူဒဏ်ကာကွယ်တဲ့ လူ့အသုံးအဆောင်ပစ္စည်းတွေကို အသုံးပြုပြီးမှသာ နေပူထဲထွက်သင့်တယ်လို့လဲ သိရပါတယ်။အခုနှစ်ဟာ လာနီညာနှစ်ဖြစ်တဲ့အတွက် အပူချိန်မြင့်တက်မှုဟာ ပြီးခဲ့တဲ့ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေထက် လျော့နည်းနိုင်ပြီး စံချိန်တင်အပူချိန်လွန်ကဲတာမျိုးတော့ မဖြစ်နိုင်ဘူးလို့ မိုးလေ၀သပညာရှင်ဒေါက်တာထွန်းလွင်က ပြောပါတယ်။

 

 

Related News