မြန်မာနိုင်ငံငလျင်ကော်မတီနဲ့ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းတို့ပူးပေါင်းပြုလုပ်တဲ့ မြန်မာနိုင်ငံကိုနာဂစ်မုန်တိုင်း ၀င်ရောက်ခဲ့တဲ့  (၁၀)နှစ်ပြည့်အထိမ်းအမှတ်နဲ့ သဘာဝဘေးအန္တရာယ် ကာကွယ်လျှော့ချရေးဟောပြောပွဲကို မေလ(၂)ရက်က မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှာ ပြုလုပ်ခဲ့ပါတယ်။သဘာဝဘေးအန္တရာယ်တွေဖြစ်တဲ့ မုန်တိုင်းတိုက်ခတ်ခြင်း၊ လေတိုက်ခြင်း၊မိုးရွာခြင်း၊ မြေပြိုမှု၊ရေကြီးခြင်းတွေနဲ့ ငလျင်လှုပ်ခတ်ခြင်း အပါအ၀င် လူသားတွေကြောင့် ဖြစ်ပွားတဲ့ အဆောက်အဦးများဆောက်လုပ်ရာမှာ ခိုင်ခံ့ခြင်းမရှိလို့ပြိုကျမှုတွေ တံတားကျိုးကျပျက်စီးမှုတွေနဲ့ အမှိုက်စနစ်တကျ မစွန့်ပစ်မှုတွေကြောင့် ရေလမ်းကြောင်းပိတ်ဆို့မှုတွေကိုလည်း ဖြစ်ပေါ်စေနိုင်တယ် ဟောပြောပွဲမှာ တည့်သွင်းဟောပြောကြပါတယ်။

ဒါကြောင့် သဘာဝဘေးအန္တရာယ်ဖြစ်ပွားပါက ကယ်ဆယ်ရေးစခန်းတွေနဲ့ အဆောက်အဦးတွေကအစ အရည်အသွေးပြည့်မီအောင် ဆောက်လုပ်သင့် တယ်လို့ သိရပါတယ်။မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအနေနဲ့လည်း (၂၀၁၅)ခုနှစ် နောက်ပိုင်းမှစတင်ပြီး ငလျင်တိုင်းတာလို့ရတဲ့ စက်ကြီးတွေတည်ဆောက်ထားလို့ ငလျင်လှုပ်ခတ်မှုတွေကိုပါ တိတိကျကျ တိုင်းတာနိုင်နေပြီဖြစ်တယ်လို့သိရပါတယ်။ အခုလိုစက်ကိရိယာတွေနဲ့ အလွယ်တကူ တိုင်းတာနိုင် တာကြောင့် ပြည်သူလူထုတွေအနေနဲ့လည်း ငလျင်အန်္တရာယ်အတွက် ကြိုတင်လေ့ကျင့် ပြင်ဆင်မှုတွေ ပြုလုပ်နိုင်တယ်လို့ပြောပါတယ်။ဒါ့အပြင် မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ တိုင်းတာချက်များအရ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့(၂၀၁၆)ခုနှစ်က ငလျင်လှုပ်ခတ်မှုအကြိမ်(၄၀)၊ (၂၀၁၇)ခုနှစ်မှာ အကြိမ်ရေ(၇၀)နဲ့ ယခု(၂၀၁၈)ခုနှစ်၊(၄)လပိုင်းအထိ အကြိမ်ရေ(၈၀) အထိ လှုပ်ခတ်ထားတယ်လို့သိရပါတယ်။

 

 

Related News