ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်ရေးအတွက် လမ်းကူးသူတွေကို လူကူးမျဉ်ကြားတွေကနေ ကူးကြဖို့ ပညာပေးအစီအစဉ်တစ်ရပ် အနေနဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး 3D ပညာပေး လူကူးမျဉ်ကြားကို နေပြည်တော်မှာ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ယမြန်မာနိုင်ငံရဲ့ပထမဆုံး 3D ပညာပေးလူကူးမျဉ်ကြားကို နေပြည်တော်က လူစည်ကားတဲ့ သပြေကုန်းဈေးအနီး ပိတောက်လမ်းမပေါ်မှာ ပြုလုပ်ခဲ့တာပါ။

3D ပညာပေးလူကူးမျဉ်ကြားကို နေပြည်တော်အပြင် ရန်ကုန်က ပြည်လမ်းမပေါ်မှာလည်းတစ်ခုပြုလုပ်သွားမယ်လို့ သိရပါတယ်။ ယခုလိုဆောင်ရွက်တာဟာ လာမည့် ၂၀၂၀ ပြည့်နှစ်အရောက်မှာ ယာဉ်မတော်တဆဖြစ်ပွားမှုကို (၅၀)ရာခိုင်နှုန်းအထိ လျော့ချနိုင်ရေးဆိုတဲ့ ရည်မှန်းချက်ကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အထောက်အကူဖြစ်စေဖို့ လုပ်ဆောင်တာလို့သိရပါတယ်။ 

ယခုပြုလုပ်ခဲ့တဲ့ 3D ပညာပေးလူကူးမျဉ်းကြားတွေကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ၊ မြန်မာနိုင်ငံယာဉ်ထိန်းရဲတပ်ဖွဲ့နဲ့ Heineken Myanmar တို့ ပူးပေါင်းလုပ်ဆောင်တဲ့ ပိုမိုဘေးကင်းသော လူကူးမျဉ်ကြားများဆီသို့ကမ်းပိန်းရဲ့ အစီအစဉ်အနေနဲ့ ဆောင်ရွက်ခဲ့တာပါ။

Heineken Myanmar အနေနဲ့ 3D ပညာပေး လူကူးမျဉ်ကြားနှစ်ခု အပါအ၀င် ရန်ကုန်မှာရှိတဲ့ လူကူးမျဉ်ကြား(၉၀)ခန့်အတွက် လူကူးမျဉ်ကြားသုတ်ဆေး (၁၀)တန်နဲ့အတူ၊ ပစ္စည်းကိရိယာတွေ၊ လူအင်အားတွေကိုလဲ ပံ့ပိုးပေးခဲ့တယ်လို့သိရပါတယ်။ 3D ပညာပေး လူကူးမျဉ်ကြားတွေရဲ့ဒီဇိုင်းကို 3Dပုံတွေရေးဆွဲနေတဲ့ ကိုအာကာကျော်က ဖန်တီးပေးထားတာလို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ်အတွင်း အဝေးပြေလမ်းမကြီးတွေပေါ်မှာဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုများမပါပဲ အရှိန်မြင့်မောင်းနှင်မှုကြောင့် ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုဟာ ၁၆၃၀ မှုအထိ ရှိတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

 

Related News