(၂၅.၀၆.၂၀၁၈)  နေ့လည် (၁)နာရီ မိနစ် (၄၀)အချိန်က  ဟံသာဝတီအ၀ိုင်းအနီးမှာ လေပြင်းတိုက်ခတ်ခဲ့ပြီး အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ကြော်ငြာဆိုင်းဘုတ်လဲပြိုပျက်ဆီးခဲ့ပါတယ်။ ဒါ့အပြင် ဟံသာဝတီအ၀ိုင်းအနီးနားရှိ ဓါတ်တိုင်(၂)တိုင်ပေါ်ကိုလည်း သစ်ပင်များကျိုးကျမှုကြောင့် ဓါတ်အားများ ခေတ္တပြတ်တောက်ခဲ့ပါတယ်။

လျှပ်စစ်ဓါတ်အားပြတ်တောက်မှုတွေကို ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူများနဲ့ စမ်းချောင်းမြို့နယ်ရှိ လျှပ်စစ်တာဝန်ခံရုံးမှတာဝန်ရှိသူများ စုစုပေါင်းအင်အားအယောက်(၂၀)နဲ့ လျှပ်စစ်ဓါတ်အားပြန်လည်ရရှိအောင် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ဒီလိုပျက်ဆီးမှုတွေသာမက  ဟံသာဝတီအ၀ိုင်းအနီးနားမှာရှိတဲ့ ဆိုင်ခန်း(၂)ခန်းလည်း  အမိုးလန်ပျက်စီးခဲ့ပါတယ်။ ဒါပေမယ့် အများပြည်သူထိခိုက်မှုတော့ မရှိဘူးလို့ ဟံသာဝတီအ၀ိုင်းအနီးရှိ ပြည်သူတွေကပြောပါတယ်။


လေပြင်းတိုက်ခတ်ပြီး မိနစ်ပိုင်းအချိန်တွင်းမှာဘဲ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက မီးသတ်တပ်ဖွဲ့ဝင်များ၊ ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရှင်းက တာဝန်ရှိသူများနဲ့ ကယ်ဆယ်ရေးသမားများစုပေါင်းပြီး လဲကျသွားတဲ့ သစ်ပင်များရှင်းလင်းခြင်းနဲ့ လဲကျသွားတဲ့ ဘေဘုတ်ကို ပြန်လည်ရှင်းလင်းပေးနေပါတယ်။ ယာဉ်ထိန်းရဲများကလည်း ယာဉ်ကြောပိတ်ဆို့မှုမရှိအောင်၊ ရှင်းလင်းဆောင်ရွက်ခဲ့ပါတယ်။ 

 

 

Related News