ပဲခူးတိုင်းဒေသကြီးအတွင်း ရွှေကျင် နဲ့မဒေါက်မြို့ အပါအ၀င် စစ်တောင်းမြစ်နဲ့ ရွှေကျင်မြစ်ဘေးက ကျေးရွာအများစုမှာတော့ အကုအညီတွေ လိုအပ်နေဆဲဖြစ်ပါတယ်။ အခုရက်ပိုင်းအတွင်း မြစ်ရေတိုးတာတွေ ရပ်တန့်လာပြီဖြစ် ပေမယ့် စိုးရိမ် ရေမှတ်အထက်တွေမှာ ရှိနေဆဲဖြစ်ပြီး မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနရဲ့ ဆက်လက်သတိပေးထားတဲ့ နေရာတွေလည်း ဖြစ်ပါတယ်။ဒါကတော့ စစ်တောင်းမြစ်ဘေး ညောင်လေးပင်မြို့အနီးက ကျေးရွာတွေဖြစ်ပါတယ်။ဇူလိုင် (၂၄)ရက်နေ့လောက်က စပြီး မြစ်ရေတိုးလာတာနဲ့ မိုးကြီးမှုတွေကြောင့် ရေကြီးမှုဒဏ်ခံနေရတာ ဖြစ်ပါတယ်။ အခုတစ်ကြိမ်ဟာ ဆယ်စုနှစ် အတွင်း အဆိုးဆုံးလို့  ဒေသခံတွေက ပြောပါတယ်။ ရေနစ်မြုပ်လို့ စာသင်ကျောင်းတွေလည်း  ပိတ်ထားရပြီး လယ်ယာမြေလည်း ဆုံးရှုံးထားပါတယ်။ လှေတွေနဲ့ပဲသွားနိုင်တဲ့ အခြေအနေတွေကြောင့် အလှူရှင် တွေအတွက်လည်း ကူည်ီဖို့ အခက်အခဲ တွေရှိနေပါတယ်။စစ်တောင်းမြစ်ဘေးမှာရှိတဲ့ မဒေါက်မြို့ဟာလည်း ဇူလိုင်(၃၁)ရက်မှာ ရေအနည်းငယ်ပြန်ကျလာပေမယ့် စိုးရိမ် ရေမှတ် အထက်ရှိနေဆဲဖြစ်ပါတယ်။

မဒေါက်မြို့အနီးက ရွှေကျင်မြို့မှာလည်း ရေကြီးမှုကြောင့် အိမ်ထောင်စု (၅၇၀၀)ကျော်၊ လူဦးရေသုံးသောင်းလောက် ကယ်ဆယ်ရေးစခန်းရောက်ရှိနေပြီး အလှူရှင်တွေ လာရောက် ကူညီမှုနည်းနေလို့ အခက်အခဲတွေရှိနေတယ်လို့ ရွှေကျင်မြို့ ရဲ့ လွှတ်တော်ကိုယ်စားလှယ် ကပြောပါတယ်။ အလှူရှင်အများစုဟာ မဒေါက်အထိပဲ လာကြပြီး ရွှေကျင်ဘက်ကို လာဖို့က အခက်အခဲရှိနေတာကြောင့် အလှူရှင်တွေလာနိုင်ဖို့ စက်လှေပါ စတင်စီစဉ်ပေးထားတယ်လို့ ပြောပါတယ်။ဇူလိုင်(၃၁)ရက် နေ့  မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနရဲ့ အချက်အလက်တွေအရ စစ်တောင်းမြစ်၊ ရွှေကျင်မြစ်၊ပဲခူးမြစ်နဲ့ သံလွင်မြစ် ရေတွေဟာ မဒေါက်၊ရွှေကျင်၊ပဲခူးနဲ့ဘားအံမြို့တွေမှာ စိုးရိမ်ရေမှတ်အထက်ရှိနေဆဲဖြစ်ပြီး  ရေအနည်းငယ် တော့ ပြန်ကျလာပြီလို့ဖော်ပြထားပါတယ်။

အခုရေဘေးမှာ အလှူအသီးသီးနဲ့အဖွဲ့အစည်းအသီးသီးက သွားရောက်လှူဒါန်းတာတွေပြုလုပ်နေပြီး ရန်ကုန်တိုင်းဒေသကြီး လူမှုကယ်ဆယ်ရေးအဖွဲ့အနေနဲ့လည်း ဇူလိုင်(၃၀)ရက်နေ့မှာ ရွှေကျင်နဲ့စစ်တောင်း မြစ်ဘေးက ကျေးရွာတွေကို သွားရောက်ကူညီ ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။ဇူလိုင်တတိယအပတ်ကစပြီး ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အပါအ၀င် တိုင်းနဲ့ပြည်နယ်(၈)ခု လောက် မှာတော့ ရေကြီးမှုတွေဖြစ် နေပါတယ်။ ဇူလိုင်(၃၀)ရက်နေ့အထိ နောက်ဆုးံထုတ်ပြန်ချက်အတွေ အရ  ဇူလိုင်လအတွင်းရေကြီးမှုကြောင့် တစ်နိုင်ငံလုံးမှာ ရေဘေးကယ်ဆယ်ရေးစခန်း(၂၉၁)ခု ဖွင့်ထားရပြီး ပြောင်းရွှေ့နေထိုင်ရသူ အိမ်ထောင်စု (၂၆၄၀၀)ကျော် ၊လူဦးရေ တစ်သိန်း နှစ်သောင်းကျော် ရှိနေပြီလို့ သိရပါ တယ်။

 

 

Related News