ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ မုတ်သုံလေ အားအသင့်အတင့်ရှိနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေအားနည်းနေပါတယ်။ယမန်နေ့မြန်မာစံတော်ချိန် (၁)နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ယမန်နေ့ကတောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်း “ဘာရီဂျက်”(Barijat)ဟာ တုံကင် ပင်လယ်ကွေ့သို့ ရောက်ရှိခဲ့ပြီး၊ အပူပိုင်းမုန်တိုင်းငယ်အဖြစ် အားလျော့သွား ခဲ့ကာ၊ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်း(Hanoi)မြို့ရဲ့ အရှေ့တောင်ဘက် မိုင်(၁၆၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။

အဆိုပါ အပူပိုင်းမုန်တိုင်းငယ်တယ် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရပါတယ်။ဒီကနေ့နံနက်အထိခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ကယားပြည်နယ်တို့မှာ နေရာကွက်ကျား၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့မှာ နေရာကျဲကျဲ၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်နဲ့ ကျန် တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ ကချင် ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါတယ်။မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိပါမယ်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ (၃)ပေမှ (၆)ပေခန့် ရှိနိုင်ပါတယ်။ 

နောက်(၂)ရက်အတွက်ခန့်မှန်းချက်ကတော့ မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေမှာ ထစ်ချုန်းမယ့်အခြေအနေများ ဖြစ်ပေါ်နိုင်ပါတယ်။ နေပြည်တော်နဲ့အနီးတစ်ဝိုက်၊ ရန်ကုန်မြို့နဲ့အနီးတစ်ဝိုက်နဲ့ မန္တလေးမြို့နဲ့အနီးတစ်ဝိုက်တို့အတွက် ဒီကနေ့မနက်အထိ ခန့်မှန်းချက်ကတော့ နေရာကွက်ကျား မိုးထစ်ချုန်းရွာပါမယ်။  ရွာရန်ရာနှုန်းပြည့် ဖြစ်ပါတယ်။

 

 

Related News