ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းတို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်မှာ  အများအားဖြင့် သာယာနေပါသည်။ဒီကနေ့ နံနက်အထိခန့်မှန်းချက်ကတော့တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်ကျားမိုးရွာပါမယ်။ ရွာရန်ရာနှုန်း (၈၀) ဖြစ်ပါတယ်။စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နဲ့  မွန်ပြည်နယ်တို့မှာ  တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနဲ့  ပြည်နယ်တို့တွင် အများအားဖြင့် သာယာပါမယ်။

မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိပါမယ်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့  ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၃)ပေမှ (၅)ပေခန့် ရှိနိုင်ပါတယ်။နောက်(၂)ရက်အတွက်ခန့်မှန်းချက်ကတော့တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်ကျား မိုးဆက်လက် ရွာနိုင်ပါတယ်။နေပြည်တော်နဲ့ အနီးတဝိုက်၊ ရန်ကုန်မြို့နဲ့ အနီးတစ်ဝိုက်နဲ့ မန္တလေးမြို့နဲ့အနီးတစ်ဝိုက်တို့အတွက် ဒီကနေ့ နံနက်အထိ ခန့်မှန်းချက်ကတော့ အများအားဖြင့် သာယာပါမယ်။

 

 

Related News