ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ တိမ်အနည်း ငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလား ပင်လယ်အော်မှာ အများအားဖြင့် သာယာနေပါသည်။ ဒီနေ့နံနက်အထိခန့်မှန်းချက်ကတော့ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှာ  အများအားဖြင့် သာယာမည်။
မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်သာရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ် လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ တွင် (၁)ပေမှ (၃)ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်မှာ နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပါသည်။နေပြည်တော်နှင့်အနီးတစ်ဝိုက် ၊ ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက် ၊  မန္တလေးမြို့နှင့်အနီးတစ်ဝိုက် တို့မှာ ဒီနေ့ နံနက်အထိခန့်မှန်းချက်ကတော့ အများအားဖြင့် သာယာမည်။

 

 

 

Related News