ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။ဒီကနေ့နံနက်အထိခန့်မှန်းချက်ကတော့ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)နှင့် ရခိုင်ပြည်နယ် တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာပါမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါတယ်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့ တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပါမယ်။

မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိပါမယ်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် (၄)ပေမှ (၆)ပေခန့် ရှိနိုင်ပါတယ်။နောက်(၂)ရက်အတွက်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးဆက်လက်ထစ်ချုန်းရွာပါမယ်။နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက် ဒီကနေ့ နံနက်အထိခန့်မှန်းချက်ကတော့ နေရာကွက်ကျား မိုးထစ်ချုန်းရွာပါမယ်။ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါတယ်။ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ဒီကနေ့ နံနက်အထိခန့်မှန်းချက်ကတော့ တိမ်အသင့်အတင့် ဖြစ်ထွန်းပါမယ်။မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက် ဒီကနေ့ နံနက်အထိခန့်မှန်းချက်ကတော့နေရာကွက်ကျား မိုးထစ်ချုန်းရွာပါမယ်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါတယ်။

 

 

Related News