တောင်ကိုရီးယားနိုင်ငံအရှေ့မြောက်ပိုင်းကမ်းရိုးတန်းတစ်လျှောက်က တောထူထပ်တဲ့နေရာမှာ ဧပြီလ(၄)ရက်ညပိုင်းကဖြစ်ပွားခဲ့တဲ့ တောမီးလောင်မှုကြောင့် ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရသူတွေ နေရပ်ပြန်နိုင်နေပါပြီ။ အဲဒီမီးလောင်မှုကြောင့် လူတစ်ယောက်သေဆုံးပြီး နောက်ထပ်လူဒါဇင်ချီဒဏ်ရာရခဲ့တာပါ။ မြို့တော်ဆိုးလ်ရဲ့အရှေ့မြောက်ဘက်ကီလိုမီတာ(၁၆၀)အကွာက ဂိုစောင်ပြည်နယ်မှာ ဖုန်းတိုင်တစ်ခုလဲကျပြီး အဲဒီကထွက်တဲ့မီးပွားတွေကြောင့် မီးလောင်မှုစဖြစ်တာလို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ အဲဒီတောမီးလောင်မှုကြောင့် လယ်ယာမြေ(၅၀၀)ဟက်တာကျော်နဲ့  အိမ်ခြေ(၃၀၀)လောက်မီးလောင်ခဲ့ပါတယ်။ မီးလောင်မှုကြောင့် လူ(၄၀၀၀)ကျော်ရွှေ့ပြောင်းခဲ့ကြတာပါ။ မီးထိန်းရာမှာ မီးသတ်တပ်ဖွဲ့၊ စစ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်ထောင်ချီပါဝင်ခဲ့သလို ရဟတ်ယာဉ်အစီး (၅၀)ကျော်လည်း ပါဝင်ခဲ့ပါတယ်။ မီးလောင်မှုဒဏ်ခံခဲ့ရတဲ့နေရာတွေကို အစိုးရရဲ့ထောက်ပံ့မှုတွေမြန်မြန်ရဖို့ အထူးဘေးအန္တရာယ်ဇုန် အဖြစ် သတ်မှတ်ဖို့ တောင်ကိုရီးယားသမ္မတ မွန်ဂျဲအင်က ညွှန်ကြားထားပါတယ်။

 

 

Related News