ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းမှာတိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့်ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။မနက်ဖြန်နံနက်အထိခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့မှာ နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ရခိုင်ပြည် နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာပါမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါတယ်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှာတိမ်အသင့် အတင့်ဖြစ်ထွန်းပါမည်။မြန်မာ့ပင်လယ်ပြင်မှာလှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိပါမည်။ လှိုင်းအမြင့်မှာမြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ် ပြင်တို့မှာ (၃)ပေမှ (၅)ပေခန့် ရှိနိုင်ပါတယ်။နောက်(၂)ရက်အတွက်ခန့်မှန်းချက်ကတော့ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး တို့မှာ နေ့အပူချိန်များ အနည်းငယ်တိုးလာနိုင်ပါတယ်။နေပြည်တော်၊ရန်ကုန်မြို့နှင့်မန္တလေးမြို့တို့အနီးတစ်ဝိုက်အတွက်ဒီကနေ့နံနက်အထိခန့်မှန်းချက်ကတော့တိမ်အသင့်အတင့် ဖြစ်ထွန်းပါမည်။

 

 

Related News