ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းရာမှအားအလွန် ကောင်းနေ ပါသည်။ဒီနေ့ နံနက်အထိခန့်မှန်းချက်ကတော့ တစ်ပြည်လုံးတွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ရခိုင်ပြည်နယ်မှာ ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးပါမယ်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီ လျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့မှာ (၉)ပေမှ (၁၂)ပေ ခန့် ရှိနိုင်ပါသည်။နောက်(၂)ရက်အတွက်ခန့်မှန်းချက်ကတော့ မုတ်သုံလေ ဆက်လက်အားကောင်းနေမည်။နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ဒီနေ့ နံနက်အထိခန့်မှန်းချက်ကတော့ မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ဒီနေ့ နံနက်အထိခန့်မှန်းချက်ကတော့ မိုးအသင့်အတင့် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက် ဒီနေ့နံနက်အထိခန့်မှန်းချက်ကတော့ မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

 

 

Related News