ဆူဒိုဆေးရုံရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူ လီဂုချောဟာ မတောင့်မတနေလာခဲ့ရတဲ့ ဘ၀ပေးကံကောင်းသူတစ်ယောက် ဖြစ်ပါတယ်။တစ်နေ့မှာတော့ လီဂုချောဘ၀ ကံဆိုးမိုးမှောင်ကျခဲ့ရပါတယ်။ သူ့ရဲ့မွေးနေ့ရက်လေးမှာပဲ မိဘနှစ်ပါးကို ဆုံးရှုံးလိုက်ရပါတယ်။ ပုံမှန်သွေးရိုးသားရိုးမဟုတ်ခဲ့တဲ့ သူ့မိဘတွေရဲ့ ယာဉ်မတော်တဆမှုမှာ အချိန်မီတစ်ယောက်ယောက်သာ ရောက်လာခဲ့ရင် အသက်မီနိုင်ခဲ့မှာပါ။ လီဂုချောကတော့ မိခင်ဖြစ်သူက ကားအပြင်ဘက်ကို တွန်းချပေးခဲ့လို့သေကံမရောက်ခဲ့ပါဘူး။ သူ့မျက်စိရှေ့တင် သူ့မိဘတွေကားကို ချောက်ကမ်းပါးစွန်းကနေ တွန်းချခဲ့တဲ့ သူတစ်ယောက်ကို ညအမှောင်ကြောင့် ဘယ်သူဘယ်ဝါမှန်းမသိခဲ့ရပေမယ့် အဲ့ဒီလူသတ်တရားခံကို အမိဖမ်းဖို့အတွက် မျက်မြင်တစ်ယောက်ဘ၀နဲ့ ဘ၀ကိုအသက်ဆက်ခဲ့ပါတယ်။

မိဘတွေမရှိတော့တဲ့နောက်ပိုင်း ကားအက်စီးဒင့်ကြောင့် အမြင်အာရုံပါ ဆုံးရှုံးခဲ့ရတဲ့ လီဂုချောဟာလူတွေရဲ့လည့်ပတ်လိမ်ညာတာကို အကြိမ်ကြိမ် ခံခဲ့ရပါတယ်။ ဒါကြောင့် သူ့ပတ်ဝန်းကျင်က လူတွေအပေါ်မှာအယုံအကြည် ကင်းမဲ့လာခဲ့ရပါတယ်။ တစ်ဖက်မှာလည်း တူဖြစ်သူကို စောင့်ရှောက်နေသလိုနဲ့ ပိုင်ဆိုင်သမျှကို လက်ဝါးကြီးအုပ်ချင်နေတဲ့ အဒေါ်ဖြစ်သူ ဂျောင်မန်းအို့က ဆေးရုံကိုပါ ရောင်းဖို့ကြံစည်တဲ့အထိပါပဲ။ လီဂုချောက သူ့မိဘတွေပိုင်ဆိုင်တဲ့ ဆေးရုံကိုကာကွယ်ဖို့ နည်းပေါင်းစုံနဲ့ကြိုးစားခဲ့ပါတယ်။ သူ့အနားကိုအရိုးသားဆုံးရောက်လာခဲ့တဲ့ မိန်းကလေး ချာဂျောင်အွန်းကိုတော့ သူယုံကြည်ခဲ့ပါတယ်။ တစ်နေ့မှာ မိဘတွေသတ်တဲ့သူကို ပြောပြမယ်ဆိုတဲ့ဖုန်းကြောင့် သူ့ကိုသတ်မယ်ဆိုတာမသိဘဲ လီဂုချောတစ်ယောက် ချာဂျောင်အွန်းနဲ့အတူ ချိန်းတဲ့နေရာကို ရောက်သွားခဲ့တဲ့အခါမှာတော့ လီဂုချောတစ်ယောက် နောက်ဆုံးပစ်မှတ်က သူဆိုတာကို သိလိုက်ရပါတော့တယ်။ ဒီဇာတ်လမ်းတွဲမှာ စလယ်ဆုံးကို လစ်ဟာမှုမရှိအောင် အချိန်အဆက်မိမိနဲ့ ဖန်တီးထားပြီး သည်းထိပ်ရင်ဖို ဇာတ်လမ်းဇာတ်ကွက်ကောင်းတွေနဲ့ ဖန်တီးထားတဲ့ အက်ရှင်ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။