ပျော်ရွှင်မှု ၊ ရင်ခုန်စိတ်လှုပ်ရှားမှုတွေနဲ့ မြန်မာ့ဟင်းလျာတွေကို အရသာရှိစွာ ဖန်တီးနိုင်မယ့် နည်းလမ်းတွေအပြင် ရသပေါင်းစုံကို ပါဝင်ယှဉ်ပြိုင်သူရော၊ ကြည့်ရှုသူပရိသတ်တွေပါ တပြိုင်တည်းခံစားရရှိနိုင်မယ့် အစီအစဉ်အသစ်တစ်ခုကို ပရိသတ်တွေဆီကို ယူဆောင်လာပေးတော့မှာပါ ။ ဒီအစီအစဉ်ကတော့ MRTV-4 (Free To Air) ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသပေးသွားမယ့် “Make It Yummy” Cooking Game Show ပဲဖြစ်ပါတယ် ။


ဒီပြိုင်ပွဲမှာ အဖွဲ့(၂)ဖွဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး (၁)ဖွဲ့မှာ အချက်အပြုတ်ကျွမ်းကျင်သူ (၁)ဦးနဲ့ မကျွမ်းကျင်သူ(၁)ဦး ပါဝင်ပါတယ်။ အချက်အပြုတ် ကျွမ်းကျင်သူက Monitor မှတဆင့် စေခိုင်းချက်များကို မကျွမ်းကျင်သူက တသွေမတိမ်း လိုက်လံချက်ပြုတ်ပြီး အရသာအကောင်းဆုံးအဖွဲ့ကို ဒိုင်လူကြီးများမှ အမှတ်ပေးရွေးချယ်ကာ ဆုငွေ(၁)သိန်း ချီးမြင့်မှာဖြစ်ပါတယ်။ အနိုင်ရရှိသူအဖွဲ့မှ Jackpot Challenge (၁)ခုကို ထပ်မံယှဉ်ပြိုင်နိုင်ပြီး နဂိုရရှိထားတဲ့ဆုငွေရဲ့(၂)ဆ (၂)သိန်းကျပ် ရရှိမှာဖြစ်ပါတယ်။ 


ဒီလိုထူးခြားလှတဲ့ ခံစားမှုရသပေါင်းစုံ ပေးစွမ်းနိုင်မယ့်ဟင်းချက်ပြိုင်ပွဲကြီးကို November (6) နေ့ကစပြီး အပိုင်းသစ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်းရဲ့ ညနေ (5:15 PM) အချိန်တိုင်းမှာ MRTV-4 ကနေ ထုတ်လွှင့်ပေးတော့မှာမို့ စောင့်ကြည့်အားပေးကြဖို့ မမေ့ပါနဲ့နော် ။တနင်္ဂနွေနေ့မှာမကြည့်လိုက်ရတဲ့ ပရိသတ်တွေအတွက်ကိုလဲ အပိုင်းဟောင်းကို အပတ်စဉ် ကြာသပတေးနေ့ ရဲ့ နေ့လည် (11:15 AM) အချိန်တိုင်းမှာပြန်လည်ထုတ်လွှင့် တင်ဆက်ပေးသွားမှာပါ ။