ကျန်းရှောင်သည် ချစ်သူနဲ့ စကားများရန်ဖြစ်ရင်း ယာဉ်တိုက်မှုဖြစ်ရာမှ သတိလစ်မေ့မျောသွားပြီး သတိပြန်ရချိန်တွင် သူမဟာ ၁၈ ရာစုချင်မင်းဆက်ခေတ်ကို သခင်မလေးလော့ရှီးအဖြစ် ရောက်ရှိနေခဲ့ပါတယ်။ အစ်မဖြစ်သူ လော့လန်နဲ့ တခြားသူများက သူမကိုလှေခါးပေါ်မှပြုတ်ကျပြီး အတိတ်မေ့နေတယ်လို့ ထင်မှတ်နေကြပါတယ်။ စိတ်ထားကောင်းမွန်ပြီး တည်ငြိမ်အေးချမ်းတဲ့ လော့လန်က မင်းသား(၈)ရုံစစ်နဲ့ ဒုတိယဇနီးဖြစ်ပါတယ်။ ကျန်းရှောင်သည် လော့ရှီးအဖြစ် ဟန်ဆောင်ရင်း အနာဂတ်ကာလကို ပြန်သွားဖို့အတွက် နည်းလမ်းရှာကြံရင်းနဲ့ အတိတ်ကာလနဲ့ အနာဂတ်ကာလရဲ့ ခေတ်အပိုင်းအခြား၊ နေထိုင်မှုအခြေအနေ မတူညီမှုများကြောင့် စိတ်မသက်မသာခံစားနေခဲ့ရပါတယ်။

အနာဂတ်မှလာသောသူဖြစ်တဲ့အတွက် ချင်မင်းဆက်သမိုင်းကြောင်းကို သိရှိနေခဲ့ပါတယ်။ ကျန်းရှောင်တစ်ယောက် အိမ်တော်တွင် နေထိုင်ရင်း မင်းသား (၈) နဲ့မကြာခဏတွေ့ဆုံပြီး ခင်မင်ရင်းနှီးလာခဲ့ရာမှ မေတ္တာသက်ဝင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ကံကြမ္မာအပြောင်းအလဲကြောင့် မင်းသား (၈) နဲ့လမ်းခွဲခဲ့ပါတယ်။ဒီဇာတ်လမ်းက မျက်မှောက်ခေတ်အချိန်ကာလမှ ချင်မင်းဆက်ကာလကို အချိန်ရွှေ့လျားပြီး ရောက်ရှိသွားတဲ့ မိန်းကလေးတစ်ယောက်အကြောင်းကို အခြေတည်ရိုက်ကူးထားပြီး ရှေးခေတ်မှမျက်မှောက်ခေတ် ကာလကိုပြန်ရောက်ဖို့ ကြိုးစားပုံ၊ရှေးခေတ်သမိုင်းကြောင်းကို သိရှိထားတဲ့အတွက် မကောင်းမှုများကို ဟန့်တားဖို့ကြိုးစားပုံများနဲ့ သူမရဲ့ချစ်ခြင်းမေတ္တာ အားပြိုင်မှုများကို စိတ်ကူးယဉ်ဆန်ဆန်လွမ်းဆွေးရင်နင့်ဖွယ် ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။ 

" အပတ်စဉ် တနလာင်္နေ့မှ သောကြာနေ့အထိ ည-၉း၁၅ အချိန်မှာ MRTV-4 ရုပ်သံလိုင်းတွင်ပြသပေးနေတာဖြစ်ပါတယ်။ "