“ချစ်သူထွင်းတဲ့ အက္ခရာ” မြန်မာရုပ်သံဇာတ်လမ်းတွဲ ကို MRTV-4 ရုပ်သံလိုင်းမှာ အပတ်စဉ် တနင်္လာနေ့မှသောကြာနေ့အထိ ည-၇း၁၅ အချိန်မှာပြသပေးနေတာဖြစ်ပါတယ်။
နန္ဒ
နယ်မှာဆိုရင် ရိုးသားပြီးမိဘမဲ့ကလေးတွေကို စာသင်ပေးတဲ့ ကျောင်းဆရာလေး ၊ တစ်ရွာလုံး၊ တစ်မြို့လုံးက ချစ်ခင်လေးစားရတဲ့ နန္ဒ ...
ရန်ကုန်က မေထိပ်ထားစံကုမ္ပဏီမှာတော့ ပျော်ပျော်နေတတ်ပြီး၊ သူဌေးကို ကလန်ကဆန် လုပ်တတ်သူ ... ကာရိုက်တာနှစ်မျိုးနဲ့ နန္ဒ
မေထိပ်ထားစံ
ငယ်ငယ်ရွယ်ရွယ်နဲ့ ကုမ္ပဏီပိုင်ရှင်သူဌေးဖြစ်နေတဲ့အတွက် မာန်မာနအလွန်ကြီးသူ
အဖေအပေါ်မှာ နာကျည်းပြီးလူတိုင်းအပေါ်မှာ မယုံကြည်ဘဲ သံသယဖြင့်သာ ဆက်ဆံတတ်သူ ...
သူမကို လုပ်ကြံဖို့ကြံရွယ်နေသူတွေက အရိပ်လိုလိုက်ပြီး ခြောက်လှန့်နေတဲ့အတွက် စိတ်ဒုက္ခဝေဒနာတွေ ခံစားနေရသူ
မေထိပ်ထားစံရဲ့ ဖွက်ထားတဲ့ဘ၀တစ်ခုကဘာဖြစ်မလဲ ...
သူရိယ
ကုမ္ပဏီက ၀န်ထမ်းတွေအပေါ်မှာ မောက်မာတဲ့ သူရိယ ...
သူရိယနဲ့ နန္ဒရဲ့ ပတ်သက်မှုက ဘာဖြစ်မလဲ ...
ဆရာမလေးနန်းမိုခမ်း
နန္ဒကို တစ်ဖက်သတ်ကြိုက်နေပြီး နန္ဒရဲ့အချစ်ကို မျှော်လင့်နေတဲ့ မိဘမဲ့ကျောင်းမှာ စာသင်နေတဲ့ ဆရာမလေး နန်းမိုခမ်း ...
ရွှေရည်
မေထိပ်ထားစံရဲ့ Secretary ကောင်မလေး ရွှေရည် ...
သူရိယက ရွှေရည်ကို တစ်ကယ်ပဲတစ်ဖက်သတ်ကြိုက်နေတာလား ...
စစ်ပိုင်
မေထိပ်ထားစံရဲ့ ယုံကြည်စိတ်အချရဆုံး ကုမ္ပဏီက ဒါရိုက်တာ စစ်ပိုင် ...
စစ်ပိုင်က မေထိပ်ထားစံအပေါ်မှာ တစ်ကယ်ပဲရိုးသားစွာ ချဉ်းကပ်နေသူလား ...
