ထက်မြက်တဲ့ရှေ့နေအမျိုးသမီး ဒိုဟယ်ဝန်နဲ့ သူမရဲ့အမျိုးသား ချွဲဂျင်အွန်တို့ရဲ့ ပျော်ရွှင်တဲ့ မိသားစုဘ၀ဟာ သူတို့ရဲ့ချစ်စရာကောင်းတဲ့ သမီးငယ်လေးဆုံးရှုံးသွားတဲ့ အချိန်ကစပြီး အေးစက်သွားခဲ့ပါတယ်။ အဲဒီအချိန်မှာ ချွဲဂျင်အွန်တို့ လင်မယားကြား ချွဲဂျင်အွန်ရဲ့ ဂျူနီယာ ဘွဲ့လွန် ကျောင်းသူလေး ဂန်ဆောလီက ၀င်ရောက်လာခဲ့ပါတယ်။ ဂန်ဆောလီဟာ မိဘမဲ့တစ်ယောက် ဖြစ်ပြီး သူမရဲ့စီနီယာချွဲဂျင်အွန်ကို တစ်ဖက်သတ် စိတ်ဝင်စားနေသူဖြစ်ပါတယ်။ 

ဂန်ဆောလီဟာ သူ့ရဲ့စီနီယာချွဲဂျင်အွန်ကို အားပေးနှစ်သိမ့်ရင်း သူ၏ခံစားချက်များ မထိန်နိုင်ဖြစ်သွားပါတယ်။ ချွဲဂျင်အွန်မှာလည်း သူ့မိန်းမရဲ့ပျောက်ဆုံးနေတဲ့ ကြင်နာမှု၊ ဖြူစင်မှုတွေကို ဂန်ဆောလီမှာ တွေ့ရှိလိုက်တဲ့အချိန် ဂန်ဆောလီရဲ့အချစ်ကို အသိအမှတ်ပြု လက်ခံခဲ့ပါတယ်။ သူတို့ နှစ်ယောက်ရဲ့ ပတ်သက်မှုကို သိရှိသွားတဲ့ ဒိုဟယ်ဂန်ဟာ သူတို့နှစ်ယောက်နဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေ ဖြစ်လာပါတော့တယ်။ ဒိုဟယ်ဂန်မှာ သူမမသိသော သူမ၏အမွှာညီမ ဒိုဂိုယုံဂီဟာ သူတို့ညီမနှစ်ယောက်ရဲ့ ကံကြမ္မာအပြောင်းအလဲ တစ်ခုကို ယူဆောင်လာခဲ့ပါတယ်။ 

ဒိုဟယ်ဂန်ကို ဒိုဂိုယုံဂီနဲ့မှားယွင်းထင်မှတ်ကာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီး အသတ်မသေသော်လည်း အတိတ်မေ့သွားခဲ့ပါတယ်။ အတိတ်မေ့သွားသော ဒိုဟယ်ဂန်ကို ပျော်ပျော်နေတတ်တဲ့ ရှေ့နေလေး ဘတ်ဆောက သူ့ရဲ့ အထက်တန်းကျောင်းသားဘ၀က ငယ်ရည်းစားဒိုဂိုယုံဂီအဖြစ် အထင်မှားကာ ဒိုဟယ်ဂန်ကို ကယ်တင်ခဲ့ပါတယ်။ အတိတ်မေ့သွားခဲ့တဲ့ ဒိုဟယ်ဂန်ဆီမှာ သူမရဲ့ပျောက်ဆုံးနေတဲ့ ချစ်ခြင်းမေတ္တာကြင်နာမှု နွေးထွေးမှုကို ပြန်လည်တွေ့ရှိလိုက်ရတဲ့ ချွဲဂျင်အွန်ဟာ ဒိုဟယ်ဂန်ကို ပြန်လည် စိတ်ဝင်စားခဲ့ပါတယ်။ 

ရှေ့နေလေးဘတ်ဆောကလည်း ဒိုဟယ်ဂန်ကို ချစ်မိသွားခဲ့ပါတယ်။ဒိုဟယ်ဂန်နဲ့ ဒိုဂိုယုံဂီတို့ ညီအစ်မနှစ်ယောက်ရဲ့ကံကြမ္မာကလည်း ဘယ်လို ပြန်ပြောင်းလဲမလဲ ဒိုဟယ်ဂန်ကရော သတိပြန်ရလာချိန်မှာ ချွဲဂျင်အွန်ကို ခွင့်လွှတ်နိုင်ပါ့မလားဆိုတာ မလွတ်တမ်းစောင့်ကြည့်ရမယ့် အချစ်၊ အမုန်း စီးပွားရေးနဲ့ မိသားစုမေတ္တာဇာတ်လမ်းကောင်း တစ်ပုဒ်ဖြစ်ပါတယ်။