Taurus V Production က စီစဉ်ရိုက်ကူးတဲ့ ပဉ္စလက်ရွာ ဇာတ်လမ်းတွဲကို MRTV-4 ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသနေပြီဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲက ရှေးရိုးစွဲ အယူသည်းမှုတွေရှိတဲ့ ရွာကြီးတစ်ရွာကိုအခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ပါဝင်တဲ့သရုပ်ဆောင်တွေရဲ့ ကြိုးစားမှုနဲ့အတူ ပရိသတ်တွေမြင်တွေ့နေကျမဟုတ်တဲ့ မြန်မာမှုဓလေ့တွေကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။ အဓိကသရုပ်ဆောင်တွေအဖြစ် အကယ်ဒမီကျော်သူ၊အောင်မင်းခန့်၊သူရိယ၊နေအဉ္ဇရာ နဲ့ နန်းစန္ဒာလှထွန်းတို့က ပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်။