ရိုဟန်နဲ့မူစကန်တို့ဟာ အိမ်ထောင်သက်ငါးနှစ်ရှိနေပြီဖြစ်တဲ့ဇနီးမောင်နှံပါ လင်မယား နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြပေမယ့် အမြဲတမ်း တစ်ကျက်ကျက် ရန်ဖြစ်ကြတဲ့စုံတွဲပေါ့။ မူစကန်အမေ တာရာက သူုတို့လင်မယားစကားများရန်ဖြစ်လွန်းလို့ သဘောမကျဖြစ်နေပေမယ့် ရိုဟန်တို့ မိသားစုကတော့ မူစကန်ကိုတော်တော်ချစ်ကြပါတယ်။ တစ်နေ့ သူတို့နှစ်ယောက် ကားအက်ဆီးဒင့်ဖြစ်ပြီး ရိုဟန်နဲ့မူစကန်နှစ်ယောက်လုံး အတိတ်မေ့သွားကြပြီး အချင်းချင်းမမှတ်မိကြတော့ပါဘူး။ မူစကန့်ရဲ့ ငယ်သူငယ်ချင်း ဒေါက်တာအာနှီရူက သူတို့ကျန်းမာရေးအတွက် သူတို့ကိုခွဲထားလိုက်တာအကောင်းဆုံးလို့ ပြောတဲ့အတွက် သူတို့နှစ်ယောက်လုံး ကိုယ့်မိသားစုဆီမှာပြန်နေပြီး ဘ၀သစ်ပြန်ကြစကြပါတယ်။ တစ်နှစ်ကြာတော့ ရိုဟန်နဲ့မူစကန် နှစ်ယောက်လုံးအတွက် လောကကြီးကခွင့်အရေး ထပ်ဖန်တီးပေးခဲ့ပါတယ်။

ရိုဟန်တို့အိမ်ကို အနူရှကာလို့ခေါ်တဲ့ ရိုဟန်သူငယ်ချင်းလာနေနေတယ်ဆိုပေမယ့် ရိုဟန်ကတော့ မူစကန်ကို အတိတ်ကပတ်သက်ခဲ့ဖူးမှန်းမသိဘဲနဲ့ကို ထပ်ပြီးသဘောကျမိနေပါတယ်။ အနူရှကာက ရိုဟန်ကို သဘောကျနေတဲ့အချိန်မှာ မူစကန်ကလည်း သူ့အမေသဘောကျ အာနီ ရုနဲ့လက်ထပ်ရတော့မယ့်အခြေအနေ ဖြစ်လာပါတယ်။ ဒါပေမဲ့ ကံတရားက ရိုဟန်ကအတိတ်ကိုပြန်သတိရသွားပြီး မူစကန်ကိုပြန်ပိုင်ဆိုင်ရဖို့ကြိုးစားသလို အနူရှကာကလည်း ရိုဟန်နဲ့မူစကန်တို့ကိုခွဲဖို့ဆိုပြီး မူစကန်ကိုသတ်ဖို့ ကြိုးစားပါတော့တယ်။

တစ်ည ဒူဂယ်လ်တို့ပါတီပွဲမှာ အနူရှကာက တာရာဒူဂယ်လ် အခန်းထဲကသေနတ်ကို ခိုးပြီးတော့ မူစကန်ကိုလုပ်ကြံဖို့ကြိုးစားပေမယ့် မအောင်မြင်ဘဲ တာရာကဖော်လိုက်မှာကိုကြောက်ပြီးတော့ တာရာကို သတ်လိုက်ပါတော့တယ်။ တာရာအသုဘမှာ အာနီရုက မူစကန်က ရိုဟန်မိန်းမဆိုတာကို ဖွင့်ပြောလိုက်တဲ့အခါမှာတော့ သူတို့နှစ်ယောက်ရဲ့ကံကြမ္မာကဘယ်လို ပြောင်းလဲသွားမလဲဆိုတာ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။