အနာဂတ်မှာတောက်ပဖို့ကြိုးစားနေကြတဲ့ အနုပညာရှင်တွေရဲ့ ကြိုးစားမှုတွေ၊ ယှဉ်ပြိုင်မှုတွေနဲ နောက်ကွယ်ကအမှတ်တရတွေပါ ကြည့်ရှုခံစားရမှာပါ။ Forever Stars ဖြစ်ဖို့ ကြိုးစားယှဉ်ပြိုင်သူတွေဟာဆိုရင်တော့ သရုပ်ဆောင်မှုပိုင်နိုင်ရုံသာမက အဆို၊အက စတဲ့တခြားသော အတတ်ပညာဘက်ပေါင်းစုံကိုပါ ချဉ်းကပ်နိုင်ကြရမှာပါ။
 
Forever Stars ပြိုင်ပွဲကြီးမှာ အကဲဖြတ်ဒိုင်လူကြီးများအဖြစ် အကယ်ဒမီ ပန်းချီ စိုးမိုး၊ အကယ်ဒမီ ထွန်းအိန္ဒြာဗိုလ်နဲ့ အကယ်ဒမီမင်းမော်ကွန်းတို့က ပါဝင် ဆောင်ရွက်ပေးကြမှာဖြစ်ပါတယ်။Forever Stars Audition ကို နိုဝင်ဘာလ၂၀၊၂၁ နှင့်၂၂ ရက်နေ့တွေမှာ MRTV-4 ရေကူးစတူဒီယိုတွင် ကျင်းပပြုလုပ်ခဲ့ပြီး ဆန်ကာတင်အရောက် ၂၀ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ အနုပညာနဲ့ပတ်သက်ပီး အရည်အချင်းပြည့်ဝသူတွေကို စင်တင်ပေးမယ့် Forever Stars သရုပ်ဆောင်ပြိုင်ပွဲကြီးမှာ အနုပညာနဲ့ ကျွမ်းကျင်မှုတွေကိုပေါင်းစပ်ပြီး အောင်မြင်မယ့်အခွင့်အရေးကို ရရှိပိုင်ဆိုင်ကြမှာဖြစ်ပါတယ်။
 
ဒီအစီအစဉ်ကို ဒီဇင်ဘာ ၆ ရက်နေ့မှ စတင်ပြီး အပတ်စဉ် ဗုဒ္ဓဟူးနဲ့ကြာသပတေးနေ့တွေရဲ့ ည၈ နာရီ ၄၅ မိနစ်နာရီအချိန် MRTV-4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသနေတာဖြစ်လို့ လက်မလွှတ်တမ်း စောင့်မျှော်ကြည့်ရှုနိုင်ဖို့ သတင်းကောင်းပါးလိုက်ရပါတယ်။