အိမ်ဘေးကပ်လျက် နေထိုင်ကြပြီး အရာတိုင်းဟာ ဆန့်ကျင်ဘက်တွေဖြစ်နေကြတဲ့ ဦးညှပ်စိအိမ်နဲ့ ဒေါ်စိန်တုတ်တို့နှစ်အိမ်ရဲ့ တစ်အိမ်နဲ့ တစ်အိမ် မဲ့ကာ ရွဲ့ကာ စောင်းမြောင်း ချိတ်ကာ နေကြပြီး နီးနီးလေးနဲ့ကွဲ နီးနီးလေးနဲ့ ရှုပ်နေကြတဲ့ အကြီးအသေး ပြဿနာမျိုးစုံတို့ကို ဟာသအနေနဲ့ ဇာတ်လမ်းဖွဲ့ ရိုက်ကူးတင်ဆက်ထားတဲ့ “အိမ်နီးချင်း” မြန်မာရုပ်သံ ဇာတ်လမ်းတွဲအား တနင်္လာနေ့မှ သောကြာနေ့အထိ နေ့လယ် ၂း၂၀ အချိန်တွင် တစ်ကြိမ်၊ ည ၇း၂၀ တွင်တစ်ကြိမ် ထုတ်လွှင့်ပြသလျက်ရှိပါတယ်။