Myanmar's Got Talent (Season-2) အစီအစဉ်လေးမှာတော့ ထူးခြားတဲ့ Talent တွေအပြင် Golden Buzzer ဆိုတဲ့ အထူးအစီအစဉ်သစ် ပါဝင်လာပါတယ်..ကိုယ်ကြိုက်နှစ်သက်တဲ့ ပြိုင်ပွဲဝင်ရဲ့ အရည်အချင်းကို သဘောကျပြီဆိုရင် ဒိုင်လူကြီး လေးဦးက တစ်ဦးကို တစ်ကြိမ်သာ နှိပ်ခွင့်ရှိပါတယ်..အဲဒါကို Golden Buzzer လို့ခေါ်ပါတယ်..Golden Buzzer နှိပ်ခံရတဲ့ ပြိုင်ပွဲဝင်ကတော့ Live Show ကို တခါတည်း တန်းရောက်သွားမှာပါ...ကျွန်တော်တို့နိုင်ငံရဲ့ အကြီးမားဆုံး Talent ပြိုင်ပွဲကြီးကို တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုအပြင် စိတ်လှုပ်ရှားစေတဲ့ အချိန်တွေရဲ့ အစပဲဖြစ်ပါတယ်။ ဆုငွေကျပ် ၁၀,၀၀၀,၀၀၀ (ဆယ်သန်း) ကို ရရှိဖို့ အချိန်တွေက ဆက်လက်ရေတွက်ပြီးတော့မှ သွားနေပါတယ်။ ဒီပြိုင်ပွဲဝင် အယောက် ၃၀ ထဲက ဘယ်သူက အနိုင်ရရှိသွားမလဲ ဆိုတာကို ရင်ခုန်စွာနဲ့ စောင့်မျှော်ကြည့်ရှုရမှာ ဖြစ်ပါတယ်။ Myanmar Got Talent အစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ‪ည ၇း၅၀ အချိန် MRTV_4‬ ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသပေးလျှက်ရှိပါတယ်။